top of page

Swedish Institute Scholarships for Global Professionals

Updated: Jan 10, 2021

SISGP ပညာသင်ဆုအကြောင်း


ဆွီဒင်နိုင်ငံရှိ Swedish Institute ကပေးတဲ့ SISGP ပညာသင်ဆုဟာ နှစ်စဉ်နှစ်တိုင်းပေးတဲ့ပညာသင်ဆုဖြစ်ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံကကျောင်းသူကျောင်းသားများတွက်သီးသန့်  Fully funded ပညာသင်ဆုလည်းဖြစ်ပြီး

မာစတာတန်းတွက်လျှောက်ထားနိုင်ပါတယ်။


SI ပညာသင်ဆုလျှောက်ထားရန် သိထားသင့်သောအရေးကြီးအချက်လက်များ

၁။ SI မူရင်းပညာသင်ဆုလင့်ထဲမှာ ဖော်ပြထားပေးသော အကြောင်းရာများကို သေသေချာချာအရင်ဝင်ဖတ်ပါ။


၂။ အောက်ပါ လင့်ထဲမှာ ပညာသင်ဆုတွက်အကျုံးဝင်သော မာစတာပရိုဂရမ်များကို ဖော်ပြထားပေးပါတယ်။

SI က ပညာသင်ဆုပေးမည့် ဘာသာရပ်များကိုလျှောက်ထားဖို့ အရေးကြီးတာဖြစ်လို့ Eligible master's programmes ကိုသိထားဖို့လိုပါတယ်။

၃။ ပညာသင်ဆုတွက် လျှောက်ထားလို့မရသေးပေမယ့် မိမိလျှောက်ထားချင်သောဘာသာရပ်တွက် ကျောင်းဝင်ခွင့်လျှောက်ထားနိုင်ပါပြီ။

SISGP ပညာသင်ဆုလျှောက်ရန် အရင်ဆုံး ဆွီဒင်တက္ကသိုလ်တစ်ခုခုမှာ မာစတာပရိုဂရမ်ကို လျှောက်ထားရပါမည်။

ကျောင်းဝင်ခွင့်ကို ၂၀၂၀ အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၀၂၁ ဇန်နဝါရီလ ၁၅ ရက်ထိ လျှောက်ထားနိုင်ပါတယ်။ မာစတာပရိုဂရမ် လေးခုထိလျှောက်ထားနိုင်ပါတယ်။ အရင်နှစ်တွေမှာ Accounting and Finance, IT Management, Public Health,

Health Economics, Social Gender Studies စတဲ့ဘာသာရပ်များဖြင့် မြန်မာကျောင်းသားများ SI ပညာသင်ဆုရခဲ့ကြပါတယ်။ ၄။ ကျောင်းလျှောက်ဖို့ လိုအပ်သောအသေးစိတ်အချက်လက်များကို ဆိုင်ရာ တက္ကသိုလ် ရဲ့ website မှာဖတ်ဖို့လိုပါတယ်။ ကျောင်းတစ်ကျောင်းနှင့်တစ်ကျောင်း မတူနိုင်တာဖြစ်လို့ပါ။

Application fees ကိုလည်းမိမိပါသာပေးသွင်းရမှာဖြစ်ပါတယ်။ ကျောင်းလျှောက်ထားပြီးတဲ့အခါ မိမိရဲ့ လျှောက်လွှာနံပါတ်ကိုမှတ်ထားပါ။

ပညာသင်ဆုလျှောက်လွှာဖြည့်ထားတဲ့အခါ မိမိရဲ့ကျောင်းဝင်ခွင့်လျှောက်ထားတဲ့ လျှောက်လွှာနံပါတ်ကို ဖြည့်ထားရမှာဖြစ်လို့ပါ။


၅။ SISGP ပညာသင်ဆုလျှောက်တဲ့အခါ အောက်ပါစာရွက်စာတမ်းများလိုအပ်ပါတယ်။


Personal Motivation Letter

  • Motivation Letter ကအရမ်းအရေးကြီးပါတယ်။ မိမိလျှောက်ထားသည့်ပရိုဂရမ်နဲ့ မိမိနိုင်ငံကို မည်သို့မည်ပုံအကျိူးပြုမည့်အကြောင်း၊ ဆိုင်ရာပရိုဂရမ်ကို လျှောက်ထားရသည့်အကြောင်းရင်း၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပုံ၊ တာဝန်ယူနိုင်မှုရှိပုံ ကိုရှင်းလင်းတိကျစွာရေးပေးဖို့ လိုပါတယ်။ Grammar တွေကိုလည်း မမှားအောင် အခါခါ သေချာပြန်စစ်ပါ။

CV

  • CV ကို သတ်မှတ်ထားတဲ့ format အတိုင်းတင်ပေးဖို့လိုပါတယ်။ ပုံမှန်ဆို အောက်က format မျိုးတင်ပေးနိုင်ပါတယ်။ https://europa.eu/europass/en/create-europass-cv

Letter of references

  • ထောက်ခံစာ တွက် နှစ်စောင်တင်ပေးရမှာဖြစ်ပါတယ်။

  • တစ်စောင်ကို မိမိလက်ရှိလုပ်နေတဲ့အလုပ်ရှင်ဆီကနေယူရမှာဖြစ်ပြီး နောက်တစ်စောင်ကို မိမိလုပ်ခဲ့ဖူးတဲ့ Volunteer အလုပ် သို့မဟုတ် တစ်ခြားအဖွဲ့စည်းတစ်ခုခု ကနေယူလို့ရပါတယ်။


Work and leadership experiences

  • အလုပ်အတွေ့ကြုံမှာ မိမိလုပ်ခဲ့တဲ့အလုပ်မှာ မိမိရဲ့ခေါင်းဆောင်နိုင်မှုစွမ်းရည်၊ ဆိုင်ရာအလုပ်ပေါ်မူတည်ပြီး ဘယ်လိုကြိုးစားခဲ့ပုံ စသဖြင့် Leadership Skills ပေါ်လွင်အောင်ရေးပေးဖို့ အရေးကြီးပါတယ်။

Copy of your valid passport



SISGP ပညာသင်ဆုနှင့်ပတ်သက်ပြီး တစ်ခြားသိချင်တာများရှိပါက အောက်ပါ စာမျက်နှ ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။


Via SISGP Scholarship Alumni Hla Thel Phyu

Master of Accounting and Finance (Umeå University) #ISFMS #scholarshipformyanmar


2 תגובות


komhtwe
17 בדצמ׳ 2020

School application fee (Sweden school) are expensive for Myanmar compared with income.

לייק

Shan Bo Minn
Shan Bo Minn
14 בנוב׳ 2020

International studentလား African အတြက္ပဲလားဗ်

לייק

©2019-2020 by International Scholarships for Myanmar Students.

bottom of page